Pages

Tuesday, 24 December 2013

browser ပြုလုပ်နည်း

အရင်ဆုံး  browser ပြုလုပ်ဖို့ website လေးကို သွားလိုက်ပါ။ အောက်က လင့်မှာနှိပ်ပါ။
http://www.makemybrowser.com/ 
ပြီးသွားရင် Start Now ဆိုတာကို နှိပ်လိုက်ပါ။ နောက်တစ်မျက်နှာကို ရောက်သွားပါလိမ့်မယ်။


အဲ့ဒီထဲမှာ စာကြောင်းနှစ်ကြောင်းတွေ့ရပါလိမ့်မယ်။ ပထမဦးဆုံးစာကြောင်းမှာ
ကိုယ့် browser ရဲ့ နာမည်ကိုရေးလိုက်ပါ။ နောက်ထပ်အောက်က တစ်ကြောင်းမှာကတော့ ကိုယ့် browser ရဲ့ ပုံလေးကို Browse ကနေပြီးရွေးပေးလိုက်ပါ။


ပြီးသွားရင် Select Theme ဆိုတာကို ထပ်နှိပ်လိုက်ပါ။ ပြီးရင် themes တွေကိုရွေးခိုင်းပါလိမ့်မယ်။ အဲ့ဒီထဲက ကိုယ်ကြိုက်တဲ့ themes ပုံလေးကို ရွေးပေးလိုက်ပါ။အဲ့ဒါတွေအကုန်ပြီးသွားရင် ညာ ဘက်အောက် ဆုံးနားမှာရှိတဲ့ I agree to the term of use ဆိုတာကို အမှန်ခြစ်ပေးပြီးရင် Finish and download ဆိုတဲ့ button လေးကိုနှိပ်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင် browser လေးနဲ့ ကိုယ့်ကွန်ပျူတာမှာ လန်းနိုင်ပါပြီဗျာ။  သိသွားတော့လည်း ဘာမှမဟုတ်သလိုပဲနော်။

     မြန်မာစာကိုတော့ မြင်ရအောင် setting မှာပြန်ပြင်ရမှာပါ။
X အောက်ကနေရာကိုနှိပ်ပါ။ အောက်နားမှာ setting ဆိုတာရှိပါတယ်။ Setting ကိုနှိပ်ပါ။

 Search နေရာမှာ font လို့ရေးလိုက်ပါ။

 အောက်က font လေးနေရာလုံးကို zawgyi ကိုပြောင်းပေးပါ။ဒါဆိုရင်တော့ မြန်မာစာမြင်ရပါပြီ။
zawgyi font မရှိရင်တော့ ဒီမှာဒေါင်းလိုက်ပါ။ ဒါကတော့ window 7 & 8 ကိုမြန်မာစာမှန်ပါတယ်။
http://www.solidfiles.com/d/a08c1ca171/ 
window 8 ကတော့ setting မှာပြင်ရမှာပါ။ပြင်တည်းကတော့ ဒီမှာဖတ်ပါ။
Window 8 မြန်မာဖောင့်ထည့်လို့ ရပြီး ၊ လက်ကွက် မရဘူးဆိုရင်လုပ်နည်း

Window 8 သမားတွေအတွက် မြန်မာစာ ပြဿနာ

ပထမဆုံးတော့ Zawgyi Blogday ဖောင့်ကို Download ယူအင်စတောလုပ်ပါ

အင်စတောလုပ်ပြီး Restart ချ ဖတ်မရ ရေးမရ အဆင်မပြေရင် တစ်ဆင့်ချင်းလုပ်

Control Panel ကိုသွား

Language ဆိုတာကို နှိပ်

Advance Setting ထဲကိုဝင်

ဒုတိယမြောက်နေရာမှာ Default input method မှာ Zawgyi ထားလိုက်

မြန်မာစာမြင်ရပီး စာရိုက်မရတာ ကီးဘုတ်မပေါ်တာဆိုရင်

ပုံမှာပြထားတဲ့အတိုင်း Option ကနေ အမှန်ချစ်ပေး OK လုပ်လိုက်ပါ

Window 8- Window 7 64 bit ကွန်ပျုတာအတွက် သီးသန့် ကီးဘုတ်ထည့်

32 bit တွေမှာ ပြဿနာမရှိပေမယ့် 64 မှာ မြန်မာစာ အတုံးဖြစ်တာတွေ

ကီးဘုတ်မပေါ်လို့  စာဖတ်ရပြီး မြန်မာစာရိုက်မရတာတွေအတွက်တော့

အောက်က ကီးဘုတ်ယူသုံးပါ အဆင်မပြေသူများ စမ်းကြည့်လိုက်ပါ။


No comments:

Post a Comment