Menu

အရာရာတိုင်းကိုသိဖို့မလိုပါ(MBA ဘွဲ့ရဖို့မလိုပါ)
  • Scam check
  • ptc-scam-list
  • ptc-site-check-expire
  • ကိုယ်လုပ်နေတဲ့ ဆိုဒ် ငွေပေးသေးလားကြည့်မယ်။
  • webutations နဲ့ PTC ကိုစစ်ဆေးမယ်
  • Scam void စစ်ဆေးနည်း
  • ကျွန်တော်ထုတ်ထားတာလေးတွေပါ။
  • PTC မှာ သတိထားရမယ့် ရှောင်ရန်များ
  • PTC ကို ဘယ်ကဘယ်လိုစလုပ်မလဲ လေ့လာကြည့်ရအောင်။
  • ငွေမရှာခင် ဖတ်စေချင်
  • Facebook သုံးရင်းငွေရှာကြမယ်။
  • အွန်လိုင်းမှာငွေရှာနည်း
  • Referral အကြောင်းလေးပါ။
  • PTC နဲ့ Scam
PTC မှာ သတိထားရမယ့် ရှောင်ရန်များ

Thursday 12 December 2013

PTC မှာ သတိထားရမယ့် ရှောင်ရန်များ

PTC မှာ သတိထားရမယ့် ရှောင်ရန်များ (အရေးကြီးသည်)
ကိုယ်က PTC ဆိုဒ်တွေမှာ ကြော်ငြာကလစ်ပြီး ငွေရှာတော့မယ်ဆိုရင် သတိထားရမယ့်
အချက်လေးတွေတော့ အရင်သိထားဖို့လိုပါလိမ့်မယ်။
1. ပထမဦးဆုံးအနေနဲ့ သိထားရမှာက PTC ဆိုဒ်တစ်ခုထဲမှာ အကောင့် 2 ခုကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်
    မဖွင့်မိပါစေနဲ့။PTC ဆိုဒ်တိုင်းရဲ့ TOS မှာ အကောင့် 2 ခုမဖွင့်ရဘူးလို့ တားမြစ်ထားပါတယ်။သူတို့
    လိုချင်တဲ့ ပုံစံက အင်တာနက်လိုင်း 1 လိုင်း ။ကွန်ပြူတာ 1 လုံး ။အကောင့် 1 ခု ။အဲဒါကိုမှ ကိုယ်က
    DR လိုချင်လို့ ဆိုပြီး လိုင်း 1 လိုင်း ကွန်ပြူတာ 1 လုံးမှာအကောင့် 2 ခုကို
    proxy ကျော်ပြီးဖွင့်လိုက်ပြီဆိုပါဆို့။တစ်ချို့
admin တွေဆိုရင်
    နဲနဲ ပညာပြန်ပေးပါတယ်။လောလောဆယ်မှာ ဘာမှမလုပ်ပါဘူး။မသိချင်ယောင်ဆောင်နေတယ်။
    ပိုက်ဆံထုတ်တဲ့ အချိန်ကျမှ အကောင့်ကို suspended လုပ်လိုက်တယ်။ငွေလုံးဝ ပေးမထုတ်ပါဘူး။
    အဲဒါမျိုးဆိုရင် မန်ဘာတွေအနေနဲ့ အချိန်တွေ အရမ်းနစ်နာပါတယ်။တစ်ချို့ admin တွေကျတော့ ချက်
    ချင်း ဘမ်း ပါတယ်။လုံးဝသုံးခွင့်မပြုပါဘူး။PTC ဆိုဒ်တွေ မတူရင်တော့ အင်တာနက်လိုင်း 1 လိုင်း
    ကွန်ပြူတာ 1 လုံးရှိရုံနဲ့ တတ်နိုင်ရင် ဆိုဒ် 100 မှာအကောင့် 100 ဖွင့်ပြီးသုံးလဲ ပြဿနာမရှိပါဘူး။
  
2. ဒုတိယကတော့ paypal ပြဿနာပဲ။paypal က online payment method တစ်ခု။မြန်မာနိုင်ငံကို
    တရားဝင် သုံးခွင့်မပေးထားဘူး။ခုလက်ရှိမှာတော့ မြန်မာကနေ သုံးနေတဲ့ သူတွေလဲ ရှိတယ်။
    ဒီလူတွေကတော့ နဲနဲ ဆရာကျတယ်။virtual visa card တွေကို သုံးပြီး paypal ကို verify ဖြစ်အောင်
    လုပ်ထားကြတယ်။ဒါပေမယ့် စိတ်ချလက်ချသုံးလို့ မရပါဘူး။paypal က policy အရမ်းတင်းကျပ်တဲ့
    အတွက် နဲနဲလေး မသင်္ကာတာနဲ့ limited လုပ်ပြီးအကောင့်ကို ထိန်းထားလိုက်တယ်။အဲဒါဆိုရင်တော့
    သူတောင်းတဲ့ အချက်အလက်တွေကို ပေးနိုင်ရင်တော့ limited ပြန်ဖြေပေးတယ်။မပေးနိုင်ရင်တော့
    paypal ကပဲထိန်းသိမ်းထားတယ်။paypal ကဘာတွေတောင်းလဲဆိုတော့ ကျနော်သိရသလောက်က
    အဓိက passport တောင်းတယ်။ပြီးရင် လိပ်စာ ဒါမှမဟုတ် ယာဉ်မောင်းလိုင်စင် ဒါမှမဟုတ် ကိုယ့်နာ
   မည်နဲ့ ကျထားတဲ့ bill စာရွက်။အဲဒါမျိုးတွေတောင်းတယ်။ခုမြန်မာက သုံးနေတဲ့ သူတွေကတော့
   နိုင်ငံခြားက မိတ်ဆွေ ဆွေမျိုး တစ်ယောက်ယောက်ရဲ့ passport , bank card တွေနဲ့ verified ဖြစ်
   အောင်လုပ်ထားကြတယ်။limited ဖြစ်ရင်လဲ သူတို့မှာ ပေးစရာ အထောက်အထားတွေ ရှိနေတယ်
   ဆိုပါတော့။
3. PTC မှာ သုံးလို့ရတာ paypal တစ်ခုတည်းတော့ မဟုတ်ပါဘူး။payza , egopay စသဖြင့် အများကြီး
    ရှိပါသေးတယ်။
    ကျနော်ပြောချင်တာက ကိုယ်တကယ် PTC မှာလုပ်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ကိုက်ညီနိုင်
    မယ့် payment method ကို PTC လုပ်နေရင်းနဲ့ သေသေချာချာ လေ့လာပါလို့ ပြောချင်တာပါ။
4. ဒီတစ်ခု ကတော့ နဲနဲ အလေးထားရလိမ့်မယ်။ဘာလို့လဲဆိုတော့ အရှုံးအမြတ်နဲ့ ဆိုင်နေလို့ပဲ။
    PTC မှာ အရင်းမစိုက်ပဲ လုပ်နေမယ် ဖြည်းဖြည်းချင်းသွားနေမယ်ဆိုရင်တော့ အချိန်က အရမ်းကို
    ကြာနိုင်ပါတယ်။DR များများရှာနိုင်ရင်တော့လဲ အနည်းငယ် မြန်နိုင်တာပေါ့။ဒါပေမယ့် လက်တွေ့မှာ
   တော့ paypal မှာအဆင်မပြေတာတစ်ခုတည်းနဲ့ လုပ်နေဆဲသူတွေနဲ့ လုပ်မယ့်သူတွေက လက်တွန့်
   နေကြပါတယ်။အဲဒီတော့ DR အများကြီးရှာဖို့ဆိုတာ မလွယ်ပါဘူး။DR အများကြီးမရှိပဲအချိန်တို အ
   တွင်းလဲ(လေးငါးလအတွင်း)အောင်မြင်ချင်တယ်ဆိုရင်တော့ အရင်းအနှီးစိုက်ရပါလိမ့်မယ်။အရင်း
   အနှီးစိုက်မယ့်သူက paypal verified ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ဘယ်လောက်စိုက်ရမလဲ ဆိုတာက
   တော့ ဆိုဒ်တစ်ဆိုဒ်နဲ့ တစ်ဆိုဒ်မတူနိုင်လို့ တိတိကျကျတော့ မပြောနိုင်ပါဘူး။ဒေါ်လာ 10 , 20
   လောက်စိုက်ရုံနဲ့တော့ မအောင်မြင်နိုင်ပါဘူး။nerdbux မှာဆိုရင် member upgrade လုပ်ဖို့ 1 နှစ်
   စာကို ဒေါ်လာ 50 ကုန်ပါတယ်။member upgrade လုပ်ပြီးရင်လဲ RR ကို အများကြီးငှားရပါဦး
   မယ်။ဘယ်လောက်ထိ ငှားရမလဲဆိုရင် အမြတ်ရလောက်တဲ့ အထိငှားရမယ်။RR 1000 ငှားပြီဆိုရင်
   ဒေါ်လာ 200 ကုန်မယ်။အဲဒီတော့ ဒေါ်လာ 250 ကုန်သွားပြီ။အကြမ်းဖျင်းတွက်ပြမယ်။1 လပြည့်လို့
   ဒေါ်လာ 250 ပြန်ရပြီဆိုပါတော့။ရတဲ့ 250 ကRR 1000 သက်တမ်းပြန်တိုးဖို့အတွက် 200ပြန်ကုန်ပါဦး
   မယ်။အဲဒီတော့ ဒေါ်လာ 50 မြတ်မယ်။5 လပြည့်မှ ရင်းထားတဲ့ 250 ပြန်ရမယ်။ရင်းပြီဆိုရင်တော့လဲ
   မြတ်တဲ့ ပိုက်ဆံကို ပါ ထုတ်မသုံးတော့ပဲRR ပဲရသလောက်ထပ်ငှားလိုက်ပါ။အဲလိုပုံစံမျိုးနဲ့
   ကိုယ်မှန်းထားသလောက် အမြတ်ရတော့မှ သက်တမ်းတိုးလို့ ပိုတဲ့ ပိုက်ဆံကို ထုတ်သုံးပေါ့။တစ်ခု
   ပြောချင်တာက တစ်နေ့ကို 10 ဒေါ်လာပုံမှန်ဝင်နေလို့လဲ တစ်နေ့10 ဒေါ်လာရပြီလို့ ပြောလို့မရပါ
   သေးပါဘူး။အဲဒီ 10 ဒေါ်လာမှာ RR တွေအတွက်ကုန်ကျစရိတ်ရှိတယ်။upgrade မြှင့်ထားတာကလဲ
   1 နှစ်ပြည့်ရင် ပြန်ပြီး မြှင့်ရမှာဆိုတော့ upgrade အတွက် ကုန်ကျစရိတ်ရှိမယ်။အဲဒါတွေကို အသေး
   စိတ်တွက်နိုင်မှ အသားတင် အမြတ်ကဘယ်လောက်လဲဆိုတာ သိနိုင်မယ်။တစ်ချို့ ဆိုဒ်တွေကတော့
   upgrade ကို 1 လစာမြှင့်လို့ရတယ်။upgrade မြှင့်လိုက်တာနဲ့ RR 200 သတ်မှတ်ထားရင် 200 ပြည့်
   အောင်ဖြည့်ငှားရမယ်။500 သတ်မှတ်ထားရင် 500 ပြည့်အောင် ဖြည့်ငှားရမယ်။ဆိုဒ်တော်တော် များ
   များကတော့ free မန်ဘာတွေကို RR နဲနဲ စီငှားရုံနဲ့ အမြတ်မပေးထားပါဘူး။အမြတ်ပေးထားတဲ့ ဆိုဒ်
   တော့ ရှိပါတယ်။နည်းပါတယ်။ကိုယ်တိုင်ပဲ တွက်ကြည့်ကြပါ။
   RR နဲနဲငှားပြီး RR တွေဆီကအမြတ်ရမယ်ဆိုရင်တော့အဲဒီဆိုဒ်မှာနဲနဲစီငှားပြီးဆက်လုပ်ပါ။
   အဆင်ပြေနိုင်ပါတယ်။ရှုံးတယ်ဆိုရင်တော့ အဲဒီဆိုဒ်မှာ RR ထပ်မငှားပါနဲ့။ကလစ်ကြေးလေးပဲ ပုံမှန်ယူ
   ပြီး ပိုက်ဆံပြည့်ရင်ထုတ်လိုက်ပါ။(ဒါကတော့ အကြံပေးတာပါ။လုပ်တာကတော့ မိမိသဘောပေါ့)
   နောက်ပြီး ပိုက်ဆံ ရင်းမယ်ဆိုရင်လဲ ဆိုဒ်သစ်တွေမှာ မရင်းသင့်ပါဘူး။PTC လောကမှာ ဆိုဒ်သစ်တွေ
   က scam ဖြစ်နိုင်ချေ များပါတယ်။တော်ကြာ ကိုယ်ရင်းထားတဲ့ ဆိုဒ် scam ဖြစ်သွားရင်ရှိတာလေး ပါ
   သွားမှာစိုးလို့ပါ။အဲဒီတော့ ရင်းမယ်ဆိုရင်လဲ သေချာလေ့လာပါ။သက်တမ်းရင်တဲ့ ဆိုဒ်မှာပဲ ရင်းပါ။
 
ဒါလေးတွေကတော့ ကျနော်ကိုယ်တိုင် တစ်ချို့ ဆိုဒ်တွေမှာ RR နဲနဲစီငှားပြီး ရှုံးနေတာလေးတွေ ပြီးတော့
 အတွေ့အကြုံ ရှိတဲ့ သူတွေကို မေးမြန်းပြီးမှ သိလိုက်ရတာလေးတွေကို အခြေခံပြီး ရေးထားတာပါ။
မိတ်ဆွေတို့အနေနဲ့ ကျနော့လို မဖြစ်ရအောင်လို့ပါ။DR ရှာတာကတော့ ကျနော်လဲ ရှာနေပါတယ်
။ဒါပေမယ့် ကျနော်က အကောင်းကောအဆိုးကော ပြောပြပြီး ရှာပါတယ်။တကယ်စိတ်ဝင်စားတဲ့
သူတော့ လုပ်ပေါ့။ရေရှည် မှာအကျိုးရှိနိုင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်....

No comments:

Blog Ads Register Here

PopAds.net - The Best Popunder Adnetwork