Access Denied ဖြစ်နေတယ်..ဒေါင်းမရဘူး…Myanmar IP ကို
ဘန်းထားတယ် ၀င်မရဘူး…စတဲ့ စတဲ့ ကျော်မရခွမရ ပြသနာမျိုးတွေအတွက်ဖြေရှင်းနိုင်သလို..အချို့သော Survery
မျိုးတွေကိုလည်း ကျော်နိုင်ပါတယ်… ဒီစာအုပ်က စတင်လေ့လာသူတွေအတွက် ရည်ရွယ်တာဖြစ်လို့
သိပီးသားသူများအနေဖြင့် မဖတ်ဘဲကျော်သွားနိုင်ပါတယ်…..
တစ်ချို့သော မြန်မာနိုင်ငံက သုံးစားမရသော အင်တာနက်လိုင်းများသည် ယခုအချိန်ထိ အချို့သော Website များကို
Access Denied လုပ်ထားကြပါသည်…အဲလို ပိတ်ခံထားရတဲ့ဆိုဒ်တွေကို ကျော်ဖွင့်ဖို့အတွက် Proxy Website များ
လည်းရှိပါတယ်..ဒါပေမယ့် အဲဆိုဒ်တွေကနေကျော်မယ်ဆိုရင် Flash , Script အချို့အလုပ်မလုပ်တဲ့အတွက်
ကိုယ်ကျော်လိုတဲ့ Website ရဲ့ Feature များကိုအပြည့်အ၀မြင်တွေ့ခွင့်ရမှာမဟုတ်ပါဘူး.. ကဲ..ဒီတော့
အပြည့်အ၀မြင်တွေ့ခွင့်ရအောင် ကျော်မယ်ဗျာ…ဘယ်လိုကျော်မှာလဲ… ဘားမှမခက်ပါဘူး…Proxy ကိုသုံးမှာပေါ့..
အခုကျနော် FireFox ကနေကျော်နည်းကိုဘဲရေးပြသွားမှာဖြစ်ပါတယ်… တစ်ကယ်လို့ မိမိက Access Denied
ဖြစ်နေတဲ့ဆိုဒ်မျိုး..ဒါမှမဟုတ် မြန်မာ အိုင်ပီ ကိုလက်မခံတဲ့ ဆိုဒ်မျိုးနဲ့ကြုံနေရပြီဆိုပါစို့… အရင်ဆုံးအောက်မှာပေးထားတဲ့
Link ကို ဖွင့်လိုက်ပါ..
http://hidemyass.com/proxy-list/
အိုကေရောက်သွားပြီဆိုရင် .. အောက်ကပုံကိုကြည့်ပါ။
ပုံမှာ အစိမ်းရောင်မြှားထိုးထားတာကတော့ စက္ကန့် .. မိနစ်နဲ့အမျှ အသစ်ထွက်နေတဲ့ နိုင်ငံပေါင်းစုံက Proxy တွေ
ထွက်လာတဲ့အချိန်ပါ.. အနီရောင် ပြထားတာတွေကတော့..အမြန်ဆုံး နဲ့ အင်အားအကောင်းဆုံး Proxy တွေဖြစ်ပါတယ်..
ကျနော်တို့ ကျော်ခွတဲ့နေရာမှာ အမြန်ဆုံးနဲ့အင်အားအကောင်းဆုံး အစိမ်းရောင် ဘား နှစ်ဘားလုံး(အစိမ်းရောင်)
ဖြစ်သော နိုင်ငံများကိုသာရွေးချယ်ရပါမယ်…..အခုပုံမှာကြည့်မယ်ဆိုရင် အစိမ်းရောင် ဘားနှစ်ဘားလုံးပြည့် ပြီး
ထွက်လာတာ 1 မိနစ်နဲ့ 22s ဘဲကြာသေးတဲ့ Russian Federation ဆိုတဲ့ နိုင်ငံရဲ့ Proxy ကိုရွေးချယ်မှာဖြစ်ပါတယ်
အစိမ်းရောင်ဘားအင်အားကောင်းလေ..ထွက်လာတဲ့ အချိန်မကြာသေးလေ ဆိုရင်ပိုပြီးကောင်းတာပေါ့..အိုကေ..
ရွေးပြီးပြီဆိုတော့.. Firefox ကိုဖွင့်လိုက်ပါ.. Tools >> Options >>Advanced >>Network>>Settings အဆင့်
ဆင့်သွားလိုက်ပါ
Manual proxy configuration ကိုရွေးပေးလိုက်ပါ။
ပြီးတာနဲ့ ရွေးချယ်ထားတဲ့နိုင်ငံရဲ့ IP Address နဲ့ Port ကိုအောက်ပုံမှပြထားတဲ့အတိုင်း
ထည့်လိုက်ပါ..ပြီးရင် OK >> OK အဆင့်ဆင့်နှိပ်ထွက်ပြီး Access Denied ဖြစ်နေတဲ့.. သို့မဟုတ်
မြန်မာအိုင်ပီကိုလက်မခံတဲ့ Website ကို Loading ပြန်ဆွဲကြည့်လိုက်ပါ..
မှတ်ချက် - Free Proxy သုံးထားတဲ့အတွက်လိုင်းကတော့ အနည်းငယ်နှေးသွားပါ့မယ်။
ဒါဆိုရင် ကိုယ်ဖွင့်မရတဲ့ဆိုဒ်ကို အေးဆေးကျော်သွားနိုင်ပြီပေါ့..တစ်ခါတစ်ရံ Connection has time out
ပြတတ်ပါတယ်..ဒါဆိုရင် အခြား အားကောင်းတဲ့ Proxy တစ်ခုကို လဲသုံးလိုက်ပေါ့..ရကိုရပါတယ်.. ကဲ မိမိကျော်ချင်တာ
ခွချင်တာတွေပြီးသွားပြီဆိုရင်တော့ မူလ IP Address တွေမထည့်ခင် Settings ကိုပြန်ထားပေးလိုက်ပါ.. ဥပမာ မိမိက
No Porxy သုံးတယ်ဆိုရင် No Proxy ကိုပြန်ထားပေးလိုက်ပါ..အားလုံးဘဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်..
ကိုယ့်ရဲ့ IP ဒါလေးနှိပ်ပြီးကိုစစ်ဆေးပါ။
http://whatismyipaddress.com/
No comments:
Post a Comment